မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့၊ မနက်ပိုင်းက  ပုသိမ်ကြီးမြို့နယ်၊ မြို့သာကုန်းရပ်ကွက်မှာရှိတဲ့ Yankon (KTV Bar) ကို ပကဖတပ်ဖွဲ့ဝင်တွေက ပါဆယ်ဗုံးပို့ပြီး အဝေးကနေ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနက် ၁၀ နာရီခွဲလောက်မှာ ပါဆယ်ဗုံးကို ကြိုတင် Scout ချပြီးပို့လိုက်တယ်။ ​ပြီးမှဖောက်ခွဲတယ်ပေါ့။ ပေါက်ပေါက်ချင်း သူတို့က ချက်ချင်းရောက်လာတယ်။ 

ပုသိမ်ကြီးပကဖ ဖောက်ခွဲတိုက်ခိုက်ခဲ့သော Yankon KTV Bar ညပိုင်းမြင်ကွင်း

လက်ဖက်ခြောက်(ဒုချုပ်စိုးဝင်း) နဲ့ဆက်နွယ်နေတော့ ချက်ချင်းပဲသတင်းဖုံးလိုက်တယ်။ အတိအကျ သိရသလောက်ဆို လုံခြုံရေး ၁ယောက် ထိတယ်။ ဒဏ်ရာပြင်းထန်တ​ယ်” လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “အဲ့ဘားက မန္တလေးကနေ အရှေ့ဘက် ၁၉ လမ်းအတိုင်းလျှောက်လာရင် ရန်ကင်းတောင် မရောက်ခင်မှာရှိပါတယ်။ စဖွင့်တုန်းကတော့  ရန်ကင်း ဆိုပြီး မှည့်ထားတာပါ။ အဲ့ဒါ ပြဿနာ မကြာခဏတက်လို့ ယတြာ ချေတဲ့အနေနဲ့ အခုနောက်ပိုင်း ရန်ကွန်း လို့ ပြောင်းမှည့်ထားတာပါ။ကျနော်တို့လည်းအရင်က အဲ့ဘားကို  စကစ ဘောမတွေ ပိုင်တယ်လို့ပဲ သိထားခဲ့တာပါ။  စိုးဝင်းသား ပိုင်တယ်လို့ သိတာ မကြာသေးဘူး ပြောရပါမယ်။ ဒီကာလမှာလည်း စကစ နဲ့ ပတ်သက်တာတွေပဲ လာကြတာများပါတယ်” လို့ ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှုတွေကို အလျဉ်းသင့်သလို လုပ်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်ရာနေရာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow တပ်ဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံရ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

Southern Eagle PDF (P-P29909) တပ်ရင်းရဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Southern Eagle PDF (P-P29909) တပ်ရင်းအနေနဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပခဲ့တဲ့ နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်

သင်္ကြန်ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုကာ သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။