နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 

အဆိုပါ စစ်ရေးပြစစ်သားတွေကို အကျွေးအမွေးတာဝန်ယူထားရတဲ့ ထောက်ပို့တပ်သားမှာ မျောက်ကျောက်ရောဂါ လက္ခဏာကို ထင်ရှားစွာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါ ကူးစက်ခံရသူ အယောက် ၂၀ အထိ ရှိနေပြီလို့ သိရပါတယ်။ 

“မော်လမြိုင်ရှိ အမှတ် (၅၂၅) ထောက်ပို့တပ်မှ ကျွေးမွေးရေးတာဝန်ဖြင့် ရောက်ရှိနေသူများမှ စတင်ဖြစ်တာပါ၊ ပြင်ဆင်ကျွေးမွေးရေး တာဝန်ယူထားသူများဖြစ်သောကြောင့် ကူးစက်မှုများ ထပ်မံတိုးလာနိုင်ပါတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ကျွေးမွေးရေးတာဝန်ယူထားသူ စစ်သား (၈) ယောက်ထံမှာ ရောဂါလက္ခဏာ ထင်ရှားစွာတွေ့ပြီး ဒီနေ့မှာတင် ကူးစက်ခံရသူဦးရေ ၂၀ အထိတိုးလာတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

အဆိုပါ စစ်ရေးပြတပ်သားတွေကို ကျွေးမွေးရေးအတွက် တစ်နိုင်ငံလုံးက ထောက်ပို့တပ်အင်အား ၆၀၀ ခန့်ခေါ်ထားပြီး အဆောင် (၁၃)ဆောင်မှာ အင်အား ၅၀ ခန့်စီ နေရာချထားရာကနေ အဆောင် (၄) ဆောင်က စုစုပေါင်း အယောက် (၂၀)ကူးစက်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ဆေးကုသတာကတော့ မနက်ဖြန်မှ ဆေးရုံပို့မယ်လို့ သိရတယ်၊ လောလောဆယ်တော့ လူခွဲထားတယ်” လို့ ဆိုပါတယ်။ 

မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ကူးစက်နိုင်ချေ သိပ်မရှိသေးပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားလာနေတာကြောင့် သတိထား စောင့်ကြည့်သွားမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လမှာ ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့ အပတ်စဥ် (၃) သင်တန်း ပြုလုပ်ပြီးစီး (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းတိုက်ဖျက်ရေး (SSTF) ရဲ့ အပတ်စဥ် (၃) သင်တန်းပြီးစီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။