ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ် (၂၆၆) တပ်ရင်းက စစ်ကောင်စီတပ်သားဟာ ဖေဖော်ဝါရီ ၁၉ ရက် မနေ့က MA 1 တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေ တောက်လျှောက် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ စစ်ကောင်စီတပ်သားတွေကို အမြဲတမ်းကြိုဆိုနေတယ်လို့ Senthang Revolution Force က ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ညောင်ဦးနယ်မြေအတွင်း ပြည်သူကို အနိုင်ကျင့်ငွေညှစ်နေသည့် ကာကွယ်ရေးတပ်အမည်ခံ လက်နက်ကိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်

မန္တလေးတိုင်း၊ ညောင်ဦးနယ်မြေအတွင်း PDF အမည်ခံပြီး အရပ်သားတွေကို ပြန်ပေးဆွဲ ငွေတောင်းတာ၊ ဆက်ကြေးကောက် အနိုင်ကျင့်တာတွေလုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ညောင်ဦးနယ်မြေအတွင်း အရပ်သားတွေကို ခေါင်းစဥ် အမျိုးမျိုးတပ် ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံတာ၊ လက်နက်ပြ ဆက်ကြေးသဘောမျိုး ကောက်ခံတာတွေရှိနေပြီး တော်လှန်ရေးပုံရိပ် ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အခုလို အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ စစ်တပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မောဖောင်းကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်ပေါင်လေယာဥ်ကွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြကြောင်း မောဖောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။