မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာသွားတဲ့ စစ်ကောင်စီက ကျောက်ဆောက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အမျိုးသမီး၁ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း M.V.P Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်၊ နေ့လယ်ပိုင်းမှာ မြိုင်မြို့ကနေNon CDM၊ ပျူစောထီးတွေနဲ့အတူ ထွက်ခွာလာတဲ့ စစ်အုပ်စုကားတွေကို ထန်ငယ်တော့ရွာနဲ့ စဘေရွာအကြားမှာ တော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကားတန်းကြား အပြန်အလှန်ပစ်ခတ်မှု ၂ကြိမ် ဖြစ်ပွားပြီးတဲ့နောက် တော်လှန်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေနင်းမိတာကြောင့် စစ်ကားတွေ ပျက်စီးကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ခြေပြတ်၊ လက်ပြတ်နဲ့ ထိခိုက်သေဆုံးမှုတွေအထိ အထိနာသွားတာကြောင့် ပခုက္ကူနဲ့မြိုင်မြို့နယ်အကြားက ကျောက်​ဆောက်ရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် မြိုင်မြို့နဲ့ ၈မိုင်အကွာ အရှေ့တောင်ဘက်မှာရှိတဲ့ ကျောက်​ဆောက်ရွာက ခန့်မှန်း အိမ်ခြေ ၅၀နီးပါးမီးလောင်ပျက်စီးသွားခဲ့ပြီး ရွာခံ အမျိုးသမီး ၁ ယောက်လည်း မီးလောင်သေဆုံးသွားကြောင်းသိရပါတယ်။

“စခတွေ ကျနော်တို့မိုင်းဆွဲတာမှာ အထိနာပြီး ကျောက်ဆောင်ရွာကို ဝင်ရှို့သွားကြတာပါ။ အမျိုးသမီး၁ယောက်လည်း မီး​ထဲပါသွားတယ်။ မီးရှို့သတ်သွားတယ်ပေါ့။ အရှင်လတ်လတ် မီးရှို့သတ်ခံရတာလားဆိုတာတော့ မသိသေးပါဘူး” လို့ M.V.P Revolution Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိမှာကျောက်ဆောက်ရွာအရှေ့ဘက် လေညှင်းတောင်ကုန်းနားကို ကားတွေနဲ့အတူ ရောက်ရှိနေပြီးဝက်ကျကျေးရွာကိုလည်း ရှေ့ပြေးတွေရောက်ရှိနေပြီလို့ သိရပါတယ်။

ကျောက်ဆောက်ကျေးရွာကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့စဥ် (ဓာတ်ပုံ M.V.P Revolution Force)

0 Shares:
You May Also Like
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွာငံမြို့နယ် တောင်ပြိုကျမှုအတွင်း စစ်ရှောင်စခန်းတစ်ခု မြေကြီးထဲ နစ်မြုပ်သွား၊ ကလေးငယ်များအပါ ၁၀ ဦး သေဆုံးပြီး ၁ ဦးသာ အလောင်းပြန်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ပြိုကျမှုအတွင်း စစ်ဘေးရှောင်စခန်း နစ်မြုပ်သွားရာ ကလေးငယ် ၃ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။