အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ကိုယ်စားလှယ်ဦးစောဘလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၉ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတွေ့ဆုံမှုအတွင်း NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးရဲ့ ရုံးလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေ၊ သံတမန်ရေးရာ ကိစ္စရပ်တွေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။