မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းမှာ သထုံမြို့ရှိ ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ယောက်က သေနတ် ၁ လက် အပါအဝင် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားသစ်ဟာ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၄၀ မမ အသီး ၂ လုံး၊ ကျည် ၁၀၁ တောင့်တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းဆင်း စစ်သားဟာ အရင်က ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ခဲ့ရာက ထိုင်းရဲဖမ်းမိတာကြောင့် မြန်မာပြည် ပြန်ပို့ခံရပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ အဆိုပါ အလင်းဝင်စစ်သားဟာ ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ ၅၁၆ တပ်ရင်းမှာ သင်တန်း ၄ လတက်ပြီးနောက် သထုံမြို့ ၄၀၂ တပ်ရင်းကို ရောက်ရှိခဲ့တာဟာ အလင်းဝင်ချိန်အထိ ၂ လသာ ကြာမြင့်သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်တပ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ ဖိနှိပ်ခြယ်လှယ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌ ပြော

နိုင်ငံရေး ပြဿနာကို ရိုးသားစွာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်မရနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။