တော်လှန်ရေးအင်အားစုတွေ အားလုံးညီညွတ်ဖို့လိုအပ်ပြီး မညီညွတ်ရင် စစ်ကောင်စီက အရင်က အသုံးပြုနေကျ သွေးခွဲတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ညီညွတ်စွာနဲ့ အခုတစ်ကြိမ်တည်းနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လိုအပ်ပြီလို့ မန်းဝင်းခိုင်သန်းက  NUG ရဲ့ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန်တက်လာတဲ့ စစ်အာဏာရှင်တွေဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်း သေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေ ဖြစ်သလို နိုင်ငံတကာ မျက်နှာစာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင်သင့်တာတွေကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့  နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်‌ရေး အင်အားစုတွေအတွက် အခုတစ်ကြိမ်က စစ်အာဏာရှင်ကို အမြစ်ဖြတ်ရမှာဖြစ်လို့ အတူတူရုန်းကြရမယ့် အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။

မိမိတို့အချင်းချင်း ညီညွတ်မှုမရှိရင် အရင် ကာလတွေလိုမျိုး တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်ကောင်စီက လုပ်ဆောင်လာနိုင်ကြောင်း သတိပေးပြောကြားပါတယ်။

NUG အနေနဲ့ အခု ၂၀၂၅ ခုနှစ်မှာ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို ပြောင်းလဲသွားမှာဖြစ်ပြီး အမှားတွေကို ပြန်လည်ဆန်းစစ်ကာ ပြည်သူ့အသံကို ပိုမိုနားစွင့်သွားမယ်လို့လည်း ကနဦး အစိုးရအဖွဲ့အစည်းအဝေးတွေမှာ ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူမြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မြို့မစျေးကြီးမှာ ပြည်သူတွေ အကြမ်းဖက် စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။