ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူလို့ ပြောဆိုခံနေရတဲ့ စောချစ်သူက ကျားဖြန့်လုပ်ငန်းတွေဟာ ဘာမှန်းဆိုတာကို သေချာမသိရှိကြောင်း စောချစ်သူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြ၀တီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

“ငွေလိမ်လည်တဲ့ လုပ်ငန်းနဲ့ ကျနော်တို့ လုံးဝ မပတ်သက်ဘူး။ အခုအချိန်ထိ ရှင်းရှင်းပြောရမယ်ဆိုရင်လေ။ ကျားဖြန့်ဆိုတာ ဘာမှန်း ကျွန်တော်မသိသေးဘူး။ ဒါတကယ်အပွင့်အလင်းပဲ”လို့ စောချစ်သူက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ထိုင်းနဲ့ တရုတ်တို့ ပူးပေါင်းပြီး တိုက်ဖျက်နေချိန်မှာ  BGF က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ ရွှေကုက္ကိုလ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခဲ့တာပဲရှိတယ်။ အိမ်ရာ ဟိုတယ် ဆောက်လုပ်ခွင့်တွေရခဲ့ပြီး အဲ့အိမ်ရာထဲနေထိုင်သူတွေကြောင့် ကျနော် နာမည်ကြီးနေရခြင်းဖြစ်ပါတယ် “ လို့စောချစ်သူက ဆိုပါတယ်။

ထိုင်းရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနကတော့ စောချစ်သူနဲ့ အခြား BGF ခေါင်းဆောင်နှစ်ယောက်ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားမှုကို ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

မြဝတီမြို့က အွန်လိုင်းလိမ်လည်မှု၊ တရားမဝင်ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားတွေမှာ BGF က ပါဝင်ပတ်သက်နေကြောင်း ပြီးခဲ့တဲ့နှစ်‌ မေလမှာ Justice for Myanmar ကလည်း ဖော်ထုတ်ခဲ့ပါတယ်။ 

ယူကေနိုင်ငံကလည်း စောချစ်သူကို လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပိတ်ဆို့အရေးယူထားပြီး အီးယူကတော့ သူနဲ့အတူ စောမုတ်သုန်နဲ့ စောတင်ဝင်းတို့ကိုပါ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

CDF-Mindat ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat) ရဲ့ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။