စစ်ကိုင်းတိုင်း၊ ​ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ကျဆုံးရဲ​ဘော်​တွေအတွက် ထောက်ပံ့​ငွေတွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာကို ရဲ​ဘော်​တွေရဲ့ မိသားစုဝင်​တွေဆီ ​ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ထောက်ပံ့ငွေတွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း ပကဖ အဖွဲ့တို့က ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ခုခံ​တော်လှန်စစ် ​အောင်ပွဲရရှိ​ရေးအတွက် ပကဖ ရဲ​ဘော်​တွေဟာ ​တော်လှန်​ရေး အင်အားစု အသီးသီးနဲ့အတူ ​နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အသက် နဲ့ ခန္ဓာ ​ပေးဆပ်စွန့်လွတ်​ တိုက်ပွဲဝင်နေတယ်လို့ ပကဖ အသံက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်မှာ စစ်အုပ်စုက Gyrocopter နဲ့ တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။