ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူတွေ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က KNDF ဆီ ခိုလှုံလာတာဖြစ်လို့ သိရပါတယ်။

“အလင်းဝင်လာသူ ၅ ဦးလုံးဟာ လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက မောင်းသတင်းဌာနကို အတည်ပြု ပြောဆိုပါတယ်။

၂၀၂၅ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်ထိ KNDF တပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက် လာတာ အယောက်တစ်ရာနီးပါး ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

“သူတို့ကို လုံခြုံစွာ၊ ကောင်းမွန်စွာနေထိုင်ဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးထားပါတယ်။ ဒီနောက်ပိုင်းမှာလည်း သူတို့ သွားချင်တဲ့ နေရာတွေ၊ လုပ်ချင်တဲ့ အလုပ်တွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ ဘက်ကနေ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ လက်လွှတ်ခဲ့ရတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် နေ့စဉ်နဲ့အမျှ တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Ko Gyi Thein Tun)
0 Shares:
You May Also Like
Read More

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ပြုလုပ်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ (ဓာတ်ပုံသတင်း)

သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

တရားမျှတမှုဆီသွားသည့် သမိုင်းဝင်ခြေတစ်လှမ်း – မြန်မာနိုင်ငံအား ILO ပုဒ်မ (၃၃) ဖြင့် အရေးယူရန် ဆုံးဖြတ်ခြင်း

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) မှာ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ (၃၃) အရ အရေးယူပြီး သမိုင်းဝင် ခြေတစ်လှမ်း လှမ်းခဲ့ပါတယ်။ ဒီလို ရှားပါးတဲ့လုပ်ဆောင်ချက်ဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ကျူးလွန်ခြင်းအတွက် စစ်ကောင်စီကို တာဝန်ခံစေတာဖြစ်ပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း ၁၃ဦးသေကာ အထိနာသည့် စစ်တပ် ရွာထဲက ကြံ့ခိုင်ရေးအမတ် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။