တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာမှာရှိတဲ့ သာဂရမြို့ဟောင်းကို ဗထူးတပ်မတော်ရဲ့ ခွင့်ပြုပေးမှုနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေက စက်ယန္တရားသုံးဖြိုချရင်း မြေကွက်ရိုက်ရောင်းချဖို့ ပြင်ဆင်နေတာကြောင့် ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့က သာဂရ မြို့ဟောင်းရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်းကမြို့ရိုးတွေကို  စက်န္တယားတွေနဲ့ ဖြိုချနေတဲ့ လုပ်ငန်းစဥ်မှာ ဗထူးတပ်မတော်အနေနဲ့ အင်အားသုံးလုံခြုံရေးယူပေးခဲ့တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကတော့ သာဂရမြို့ဟောင်းဟာ ထားဝယ်လူမျိုးတို့ရဲ့ ပထမဆုံးမြို့ပြယဥ်ကျေးမှုထွန်းကားခဲ့တဲ့ အမြတ်တနိုးတန်ဖိုးထားရာ ဖြစ်ကြောင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာတွေကို ရှာဖွေဖော်ထုတ်နိုင်မယ့် အရေးပါဆုံးနေရာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သာဂရမြို့ဟောင်းနေရာကို တွေ့ရစဉ်

ဒီအတွက် အခုလိုမြို့​ဟောင်းနေရာကို ဖြိုချဖျက်ဆီးမှုဟာ အဆင်ခြင်မဲ့ရာကျကြောင်း၊ ထားဝယ်လူမျိုးစုတစ်ရပ်လုံးရဲ့ကိုယ်ပိုင်ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာတွေကို အောက်တန်းကျစွာ ဖျက်ဆီးတာဖြစ်ကြောင်းနဲ့ ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောထားပါတယ်။

“ဒီလိုမျိုးလုပ်ရပ်တွေ လုပ်နေတာကို ဒေသခံတွေပြောပြတာကြောင့်ရော အဲ့ဘက်လှုပ်ရှားနေတဲ့ တပ်ရင်းတွေဆီကနေပါ ကျနော်တို့သိရပါတယ်။ စီးပွားရေးသမားတွေက ဒီမြေပေါ် မြေညှိတယ်။ မြေဖို့တယ်။ အကွက်ရိုက်ရောင်းမယ်ပေါ့။ ဗထူးတပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတာပါ။ အဲ့ဒီနေရာက မြို့ရိုးရှိတယ်ဆိုတာ ဗထူးတပ်မတော်က သိသိလျက်နဲ့ ခွင့်ပြုတာလား။ မသိဘဲနဲ့ ခွင့်ပြုတာလားဆိုတာကိုတော့ သေချာမသိပါဘူး။ သေချာတာကတော့ ဗထူးတပ်မတော်က ခွင့်ပြုချက်ပေးလို့ အခုလိုလုပ်ကြတာပါ။” လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူ ၁ ယောက်က မောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံဖြစ်တဲ့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်​မြောက်ရေးတပ်တော် (DNLA) တို့ကလည်း ဒီဖြစ်စဥ်အပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်အပေါ် ဗထူးတပ်မတော်ကို မေးမြန်းကြည့်ရာမှာတော့ “အဲဒီ သာဂရမြို့ဟောင်း မြို့ရိုးကို ကျနော်တို့တပ်မတော်က ဖြိုချဖျက်ဆီးနေတယ်လို့ ပြောဆိုစွပ်စွဲနေတယ်ပေါ့နော်။ လက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်စဥ်မှာ ဗထူးတပ်မတော်အနေနဲ့ ဘာမှပါဝင်ပတ်သက်မှု မရှိဘူး။ ပြည်သူက သူ့ဦးပိုင်မြေနေရာကို သူ့ဟာသူ လုပ်တာပါ။ သူပိုင်ဆိုင်တဲ့မြေမှာ သူ့ဟာသူ လုပ်နေတာပါ။ ကျနော်တို့ကို စွပ်စွဲထားတဲ့ ထားဝယ်သပိတ်ကော်မတီ အပါအဝင် မည်သည့်အဖွဲ့အစည်းမဆို ပြည်သူတစ်ယောက်ချင်းစီတိုင်းကိုလည်း မြေပြင်အခြေအနေ အသေးစိတ်လေ့လာကြည့်ဖို့ တိုက်တွန်းဖိတ်ခေါ်ချင်ပါတယ်။ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ နောက်ပြီး အခုပြဿနာဟာ ကျနော်တို့ရဲ့ ပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိ ချနေတာလို့ပဲ မြင်ပါတယ်” လို့ ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ရဲဘော်ထက်မြတ်က မောင်းကိုပြောပါတယ်။

သာဂရမြို့ဟောင်းဟာ ခရစ်နှစ် ၇၅၁ ခုနှစ်ကတည်းက တည်ထားခဲ့တာဖြစ်ပြီး ထားဝယ်မင်းသုံးဆက်က လက်ဆင့်ကမ်း ပြုပြင်ထိန်းသိမ်းခဲ့တဲ့ ထားဝယ်လူမျိုးတို့ရဲ့ ဘူမိနက်သန်ဖြစ်တယ်လို့လည်း ဖော်ပြကြပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရင်ထဲ စွဲမြဲနေမယ့် အနုပညာတွေ ဖန်တီးကြဖို့ အနုပညာကို အကျဉ်းချထားတဲ့ မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချပြီး အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်စဉ် ပြောဆိုခဲ့ပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။