စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တဆက်တည်းမှာ ရှိနေတဲ့ အောင်သာယာရွာသစ်၊ အောင်သာယာရွာဟောင်း၊ မှန်တောကျေးရွာနဲ့ ကြံသာကျေးရွာတွေက စစ်ကောင်စီတပ်စခန်း ၄ ခုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်း အယောက် ၃၀ ခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကလေးတောင်ပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ စခန်း ၅ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အလွန်အကျွံ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနီးအနားကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ဆီက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ…

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။