လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာရှိနေတဲ့ ဖာသာဒေါ်နယ်မာတင်ကို လူဆယ်ယောက်ပါတဲ့ လက်နက်ကိုင်တစ်စု ရောက်ရှိလာပြီး ဓားနဲ့ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘုန်းတော်ကြီးကို သတ်ဖြတ်သွားသူတွေဟာ တအုံကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်၊

သတ်ဖြတ်မှုမှာ ပါဝင်ကျူးလွန်သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၁၀ ယောက်ကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း ၃ မှ ကျဆုံးရဲဘော် ၂ ဦး၏ ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ရဲဘော် ဆန်းသစ်နဲ့ ရဲဘော် ကြေးမှုံတို့ဟာ ဇူလိုင်လ ၁၀ ရက်က စစ်ကိုင်းမြို့နယ်၊ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တာရာ ကျဆုံးရဲဘော် ၂ ယောက်ကို ရည်စူးပြီး ဆွမ်းကပ် တရားနာ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။