လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကြောင်စီရဲ့ လေကြောင်းမှုကြောင့် ထွက်ပြေးသွားရတဲ့ နေအိမ်တွေမှာ ဖောက်ထွင်းမှုတွေလည်း ကြုံ​ရတတ်တာကြောင့် လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန် ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့ ကာကွယ်နေထိုင်ရမယ့်အချက်တွေကို ထုတ်ပြန်လိုက်တာပါ။

နေအိမ်ရှိ မီးခလုတ်တွေကို ပိတ်ထားပြီး မိန်းခလုတ်တွေကို ချဖို့၊ အချိန်ရပါက ရေတိုင်ကီတွေ၊ ရေစည်တွေကို ရေဖြည့်ထားခဲ့ဖို့၊ တန်ဖိုးကြီးပစ္စည်းတွေရှိရင် နေအိမ်တံခါးသော့တွေကို ပိတ်ထားခဲ့ဖို့၊ အကြမ်းဖက်စစ်ကောင်စီဘက်က နေအိမ်တံခါးတွေကို ဖျက်ဆီးထားခဲ့တဲ့ နမူနာတွေရှိတဲ့အတွက် အခြားအဖိုးတန်ပစ္စည်းတွေ မကျန်ရှိရင် တံခါးတွေကို စေ့ပိတ်ထားခဲ့ဖို့ အချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

နေအိမ်မှာ အခြားအရေးကြီး ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကျန်ရှိနေရင် စဉ့်အိုး၊ ပလက်စတစ်ပုံးတို့မှာထည့်၊ မြေတွင်းတူးပြီး မြှုပ်နှံထားခဲ့ဖို့ (သို့မဟုတ်) လုံခြုံတဲ့နေရာမှာ ထားခဲ့ဖို့၊ ရှောင်တိမ်းမယ့်နေရာသို့ သွားရောက်ရာမှာ မိသားစုဝင်တွေ အချင်းချင်း အဆက်အသွယ် မပြတ်စေဖို့(အထူးသဖြင့်) ကလေးငယ်တွေကို ဂရုစိုက်ခေါ်ဆောင်သွားဖို့၊မိသားစုတွေ ပြန်လည်ဆုံဆည်းနိုင်မယ့် စုရပ်ကို ကြိုတင်သတ်မှတ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာသည့် စစ်ကောင်စီတပ်သား ၄ဦးပစ်ခတ် ခံရပြီး ၄ ဦးလုံး သေ၊ သေနတ် ၄ လက်နှင့် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်သည့်မြို့ ၃ မြို့သာကျန်ရှိ၊ တီးတိန်ကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ချင်းညီနောင် ကြေညာ

ချင်းပြည်နယ် ဖလမ်းမြို့ကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
Read More

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ CDM တွေ မကြာခဏ ဖမ်းဆီးခံနေရ

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် ဖြတ်သွားလာမှုပြုလုပ်နေတဲ့ CDM ဝန်ထမ်းတွေ နေ့စဥ်ဆိုသလို ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။