မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ (၁၃)ရက် မနေ့က မနက်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဥ်တစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ပြည်သူ (၁၀) ယောက် ကျော်ထိမှန်ကာ ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဂျက်ဖိုက်တာလေယာဥ်နဲ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးနယ်အုပ်စု၊ ကော်ကပ်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကော်ကပ်ကျေးရွာစာသင်ကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ (၁၃)ရက်နေ့ တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက သထုံခရိုင်မှာ ဂျက်ဖိုက်တာလေယာဥ်နဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း ကော်ကပ်ကျေးရွာနဲ့ ပိန္နဲကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်မှာ တဂေးလောင်းချောင်းဖျားကျေးရွာတွေကို လေကြောင်းနဲ့ ပေါင် (၅၀၀) ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပျက်အစီးအများအပြားနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကျေးရွာစာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ပုထိုးစေတီတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ကော်ကပ်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။