ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် မနေ့က နေ့လည်ပိုင်းမှာ သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ ရာအိမ်မှူးအပါ ၃ ယောက်ကို ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်မှာ အိမ်ရှင်အမျိုးသားဖြစ်သူက ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တာပါ။

အိမ်ရှင်အမျိုးသားဟာ ရာအိမ်မှူးနဲ့အဖွဲ့ကို တိုက်ခိုက်မှုခဲ့ပြီးနောက် ချက်ချင်းထွက်ပြေးသွားသလို တိုက်ခိုက်ခံခဲ့ရတဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကတော့ ရပ်ကွက်နေထိုင်သူတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးတာကြောင့် အသက်မသေဘဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရသူတွေဟာ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ဘော်လန်တီယာအဖြစ်လိုက်ပါသူ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရာအိမ်မှူးဖြစ်သူကတော့ ဒဏ်ရာများတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လူမှုကူညီရေးအဖွဲ့)

0 Shares:
You May Also Like
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၆၁ ယောက် သေ

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးတွင် လက်နက်များတင်ဆောင်လာသည့် စစ်ကား တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ်ပါ စစ်သား ၅ ဦး သေ၊ ၇ ဦး အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ စစ်ကား ၁စီး ဝက္ကသေးတံတားပေါ် တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ် လိုက်ပါလာတဲ့ စစ်သားတွေထဲက ၅ယောက်သေကာ ၇ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမှာ ဓားပြမှုတွေကျူးလွန်တဲ့ ခိုးဆိုးလုနှိုက်တွေရဲ့ နောက်ကွယ်မှာ စသုံးလုံးအရာရှိတွေ ကြိုးကိုင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) အရာရှိတွေက ခိုးဆိုးလုနှိုက်တွေကို ဓားပြမှုတွေ ကျူးလွန်ခိုင်းပြီး PDF တွေ လုပ်သယောင် ဝါဒဖြန့်နေကြကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။