မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က ကုက္ကိုစုရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၂၀၀ ခန့်ကို ကျောက်လုံးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေ၊ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကို မြိုင်မြို့နယ် ဝါးရင်းချိုင်ရွာအနီး တော်လှန်ရေးပူးပေါင်းတပ်တွေ ခြုံခို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myaing Supporting Battalion (MSB) ရဲ့ ထောက်ပို့ခံတပ်ရင်းတွေဖြစ်တဲ့ ပခုက္ကူခရိုင် အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ တပ်ရင်းတွေနဲ့ မဟာမိတ်တပ်ရင်း၊ LPDF ၊ ဒေသခံ ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ် အထိုင်ချနေရာများကို တိုက်ခိုက်မှု စစ်သားနှင့်ပျူ ၈ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၈ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်၏ အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုများ (ရုပ်/သံ)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရင်း စစ်လက်နက်ပစ္စည်းတွေ ကျန်ခဲ့ (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရာကနေ ကျန်ရစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး လိုက်လံသိမ်းဆည်းနေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံဖိုင်ကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပျဉ်းမနားတွင် ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ၂ ဦးကို ပြည်သူများ ဖမ်းမိ (ရုပ်/သံ)

နေပြည်‌တော်နယ်မြေ ပျဉ်းမနားမြို့မှာ ရောင်နီဦးရွှေဆိုင်ကို သေနတ်အတုနဲ့ ဓားပြတိုက်သူ ၃ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာ ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။