ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၉ တပ်ရင်း – အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၃၀)ရက်က ညောင်ရွှေမြို့နယ်၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနဲ့ ထမင်းချိုဓာတ်ဘုရား စခန်းကုန်းတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA တပ်တွေ ပူးပေါင်းပြီး အင်အား ၁၅၀ ဝန်းကျင်နဲ့ ရေပူရွာအရှေ့ဘက်ရေချောင်းအထိ  စစ်ကြောင်းထိုး ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အင်း‌လေးပြည်သူ့ကာကွယ်ရေးတပ်  (IPDF) အမှတ် 1009 တပ်ရင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 အမှတ် 1006 တပ်ရင်း ၊ (Bee Coloum)ပျားစစ်ကြောင်းနဲ့ SSRY တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ (၁၅)မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့တယ်လို့ အင်းလေး PDF က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ PNA စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပုံ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA ပူး‌ပေါင်းစစ်ကြောင်း တပ်လန့်သွားပြီး ထီရီးရွာအတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်း ဆုတ်ခွာသွားတဲ့ လမ်းတစ်လျှောက် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက ဒရုန်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်တစ်ယောက် အပါအဝင် (၄) ယောက် သေဆုံးပြီး စစ်ကောင်စီတပ်သား (၂) ယောက်နဲ့ PNA တပ်သား တစ်ယောက်၊ စုစုပေါင်း ( ၃ ) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်းလေး PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ…

ချင်းပြည်နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်က အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည့် ချောင်းမကျေးရွာတိုက်ပွဲတွင် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့…

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ သင်တန်းနည်းပြဆရာတွေ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။