ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

တက္ကသိုလ်လေ့ကျင့်ရေးတပ်က အဖွဲ့ဝင်တွေကို ‌ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး စစ်သင်တန်းပေးနေတယ်လို့ ဖော်ပြထားတာပါ။

နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့က သင်တန်းကျောင်းတွေမှာ စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

သင်တန်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာ ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနဲ့ ရှေးဦးသူနာပြုဘာသာရပ်တွေနဲ့ စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်းသင်ခန်းစာတွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ စစ်အင်အား လိုအပ်နေတဲ့ စစ်ကောင်စီဟာ အဲဒီသင်တန်းကျောင်းတွေက ကျောင်းသားတွေကို စစ်အင်အားအရ လိုအပ်ရင် မဖြစ်မနေ အသုံးပြုသွားနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်လုံခြုံရေးအရ ဆိုတဲ့ အကြောင်းပြချက်နဲ့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်တွေမှာ ဖွဲ့စည်းခဲ့တဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေမှာ စစ်သင်တန်းတက်ရောက်ဖူးတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို နေပြည်တော် စစ်ရုံးကို ပို့ပေးဖို့ လျှို့ဝှက်ညွှန်ကြားမှုတွေ လုပ်ခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်အထိနာကာ ပေါင် ၅၀၀ ဗုံးများ ကြဲချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။