အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၅၁၀ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက်ကို နေပြည်တော်- ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က သွားရောက် ခေါ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဆိုပါစစ်ကောင်စီတပ်သားက MA-1(၁)လက်၊ ကျည် (၉၀)တောင့်နဲ့ ကျည်ဘောက် (၃)ဘောက်တို့ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့စစ်သားကို နေပြည်တော် ပကဖ ရဲ့ တိုင်း/ခရိုင် ဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံခဲ့ကာ အချက်အလက်တွေ စစ်ဆေးမေးမြန်းပြီးတဲ့နောက် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်မှာ ဆက်လက်အမှုထမ်းနေတဲ့ တပ်သားတွေအနေနဲ့လည်း အာဏာရှင်တစ်စုရဲ့ အကျိုးအတွက် ဆောင်ရွက်နေတာကို အမြန်ဆုံးစွန့်လွှတ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ နေပြည်တော် ပကဖ က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တန်ပြန်ဒရုန်းနည်းဗျူဟာ တိုးတက်အောင် လုပ်ဆောင်ရန် သင်တန်းဆင်းစစ်သားများအား မင်းအောင်လှိုင်ပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟုလည်း လက်နက်နှင့်အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ကဆို

စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။
Read More

PDF ZOLAND ရဲ့ တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ …(ဓာတ်ပုံသတင်း)

Zomi Federal Union /PDF ZOLAND တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျုံဒုံး ထိတွေ့တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။