CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု – (CDM လှုပ်ရှားမှု) ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် လုံခြုံရေးကိစ္စ၊ အရေးပေါ်လိုအပ်ချက်နဲ့ တခြားအထောက်အပံ့တွေ ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့ပေမဲရယ့် အားလုံးမထောက်ပံ့နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နိုင်ငံ့ဝန်ထမ်း လေးသိန်းကျော်ရှိ‌တယ်လို့ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ တော်လှန်ရေးအစိုးရဖြစ်တာကြောင့် တော်လှန်ရေးကို တော်လှန် ရေးနဲ့တူအောင် လုပ်ဆောင်ရပြီး အားသာချက်၊ အားနည်းချက် ဒွန်တွဲဖြစ်တည်နေတယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။ တော်လှန်ရေးလုပ်ငန်းစဉ်တွေထဲမှာ  အရေးကြီးလုပ်ဆောင်ခဲ့ရမှုတွေ၊ အရေးပေါ်ဖြစ်စဉ်တွေအတွက် ဦးစားပေးလုပ်ခဲ့ရမှုတွေရှိတာကြောင့် CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝ မကူညီနိုင်ခဲ့မှုတွေကို နားလည်ပေးကြဖို့ ယာယီသမ္မတက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

တပ်မ(၁၀၁) မှာ အဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရတဲ့ စစ်သား ၂ ​ယောက် ပခုက္ကူ ပကဖထံ ချိတ်ဆက်အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီရဲ့ တပ်မဌာနချုပ် တပ်မ(၁၀၁)မှာ အတင်းအဓမ္မ စုဆောင်း ခံထားရတဲ့ စစ်သား ၂ ​ယောက် ချိတ်ဆက်အလင်းဝင်လာတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ၊ တပ်ခွဲ (၁)၊ တပ်စိပ်(၁) - Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှ ပျူခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား…

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က ပျူခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို သူ့ရဲ့နေအိမ်မှာ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။