မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် မနေ့က ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၁၁ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊ပခုက္ကူခရိုင် တပ်ရင်း (၁၉)၊Yenanthar Columm (မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း)နဲ့ ဆိပ်​ဖြူမြို့နယ် ​အနောက်ပိုင်းဇုန်(၁) ပ.က.ဖAKအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ် အထိုင်ချနေရာများကို တိုက်ခိုက်မှု စစ်သားနှင့်ပျူ ၈ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၈ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။
Read More

ကန်နီရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်နိုင်ဖို့ Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင်မှာ အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။