ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက တပ်စိပ်မှူး ကော့ကောနဲ့ တပ်သား ဂေလ်ဘတ် တို့ဟာ မိုးဗြဲမြို့ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း ဖေဖော်ဝါရီ ၆ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးခဲ့တဲ့ တပ်စိပ်မှူး ကော့ကောနဲ့ တပ်သား ဂေလ်ဘတ်တို့ဟာ ကရင်နီပြည်ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်တဲ့နေ့ကစပြီး နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဆိုပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ကျဆုံး ရဲဘော် နှစ်ယောက်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးနီပြုကြောင်းလည်း ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော 

စစ်ကောင်စီက ၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။