ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၇ ရက်အထိ ၇ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ကို (၁၈) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ တပ်ရင်းတပ်ဖွဲ့တွေ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်တွေဖြစ်တဲ့ KNLA၊ BPLA၊ FFD ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း (၂၇) ယောက်ကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး ‌ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လိုက်လံချေမှုန်းနေတယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ်တာတိုက်ပွဲတွေမှာ တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA၊ BPLA၊ FFD နဲ့ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့သလို ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ပုံစာ – မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအပြီး မှတ်တမ်းဓာတ်ပုံများ..
0 Shares:
You May Also Like
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြန်မာပြည်သူတွေ သီဆိုနေရဆဲဖြစ်တဲ့ “ကမ္ဘာမကြေဘူး” သီချင်းရဲ့ ပဲ့ကိုင်ရှင် တေးရေး နိုင်မြန်မာ ကွယ်လွန်

မြန်မာနိုင်ငံရဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကစလို့ နွေဦးတော်လှန်ရေးအထိ ပြည်သူတွေ ရင်ထဲ စွဲမြဲနေခဲ့တဲ့ "ကမ္ဘာမကြေဘူး" သီချင်းကို ရေးစပ်ခဲ့သူ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။