စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ လမ်းညွှန်မှုနဲ့ မြို့နယ် ပကဖ ရဲဘော်တွေက အကြမ်းဖက်အုပ်စုနဲ့ မိသားစုတွေ၊ သူတို့ရဲ့ ဒေါက်တိုင်၊ အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ စစ်ကောင်စီထုတ် Myanmar Beer တွေ သယ်ဆောင်လာတဲ့ ကားကို ထိန်းသိမ်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း ကာလတန်ဘိုး ၁၀,၀၀၀,၀၀၀/- (သိန်းတစ်ရာကျပ်) နီးပါတန်ဘိုးရှိတဲ့ Myanmar Beer ပုလင်း ဂျပ်ဖာပေါင်း (၇၁)ဖာ၊ ပုလင်းပေါင်း (၈၅၂)ပုလင်းနဲ့ Myanmar Beer ဗူးတို ဂျပ်ဖာပေါင်း (၂၄)ဖာ၊ ဗူးပေါင်း (၅၇၆)ဗူး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦး ပအဖ က ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေအားလုံးကို မြို့နယ် ပအဖ နဲ့ ပကဖ က အများပြည်သူတွေရဲ့ ရှေ့မှောက်မှာ မှတ်တမ်းတွေနဲ့အတူ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီနဲ့ မိသားစုတွေ၊ အကျိုးတူ စီးပွားဘက်ဖြစ်တဲ့ စစ်တပ် ဒေါက်တိုင်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေက အမြတ်အစွန်း၊ ငွေကြေးတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်စေနိုင်တဲ့အတွက် စစ်ကောင်စီထုတ်ကုန် ပစ္စည်းတွေကို ပြည်သူအပေါင်းက သပိတ်မှောက်ကြဖို့ ခင်ဦးမြို့နယ် ပအဖ က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲနှင့် ပျူ၏ မင်္ဂလာဆောင်ကို သွားသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့မှာ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်သွားတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ယောက် သေဆုံးကာ ၂ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) က ထုတ်ပြန်ထားပါတယ်။
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။