စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် ဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင် စစ်မျက်နှာတွေဆီအတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမတိုင်ခင်လောက်ကတည်းက စစ်မှုထမ်းအပတ်စဥ် (၆၊ ၇၊ ၈၊ ၉) အတွက်  စစ်သားစုဆောင်းရေးတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ချင်း၊ ရခိုင်စစ်မျက်နှာတွေနဲ့ စစ်ကိုင်း၊ တောင်ကြီး (ဗထူး) တပ်နယ်တွေဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြို့ပြနဲ့ ကျေးလက်အတွင်း လမ်းသွားလမ်းလာ လူငယ်တွေရဲ့လက်ကိုင်ဖုန်းကို ဆိုက်ဘာဥပဒေအကြောင်းပြ တောင်းယူစစ်ဆေးပြီးဖမ်းဆီးတာ၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းအသွားအပြန်မှာ စောင့်ကြိုဖမ်းဆီးတာတွေအပြင် ဘာသာရေးအဆောက်အအုံ ပရဝဏ်တွေထဲအထိ အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်က ပြောပါတယ်။

“ဆိုင်ကယ်နဲ့ လာတာတွေ့လို့ တားပြီး ဖုန်းစစ်တယ်။ သူတို့မေးတာမဖြေနိုင်လို့ မသင်္ကာရင် ဆိုင်ကယ်ရောလူရောဖမ်းတယ်။ သိမ်းတယ်။ စပရိုက်ချက်ပေါ့။ နောက် ကလေးမြို့က ခရစ်ယာန်ဘာသာဝင်လူငယ်တွေ ဘုရားကျောင်းတွေက ပြန်လာတာမျိုးတွေမှာ ဖမ်းခံရတယ်။ နောက်ဘုရားဝန်းထဲအထိ ဝင်ဖမ်းတာမျိုးလည်း ရှိတယ်။ စုဆောင်းခံရတဲ့လူငယ်တွေထဲ အခြေခံလူတန်းစား၊ လူလတ်တန်းစား အကုန်ပါပါတယ်” လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ၁ယောက်က မောင်းကို ပြောပါတယ်။

ကလေးဒေသအတွင်း လူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှုဟာ ဒီနှစ် (၂၀၂၅) ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေထဲမှာ ပိုမိုများပြားခဲ့တယ်လို့လည်း သိရပါတယ်။ 

အဲ့ဒီလိုဖမ်းဆီးရာမှာ စစ်ကောင်စီက အရင်လို ငွေကြေးနဲ့ လူရောင်းစားတာမျိုးထက် တပ်သားသစ် လိုအပ်ချက်အတွက်ကိုပဲ အဓိကထား လုပ်ဆောင်လာကြောင်း သိရပါတယ်။

ဒီလိုမျိုးစစ်ကောင်စီတပ်ရဲ့အရှိန်မြှင့်ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေ ညကြီးအချိန်မတော်အပြင်ထွက်လည်တာ၊ ခရီးသွားလာတာမျိုးတွေအပြင် ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့နဲ့ အပြင်သွားရင် လက်ကိုင်ဖုန်းထဲက VPN App တွေ ဖျက်သွားကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက​ တိုက်တွန်းထားပါတယ်။

ရခိုင်ဒေသ အပါအဝင် စစ်မျက်နှာတော်တော်များများမှာ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်သားသစ်လိုအပ်ချက်ကြီးမားမှုကို ဖြည့်တင်းနိုင်ဖို့ စစ်သားသစ်စုဆောင်းရာမှာ လူငယ်အမျိုးသားတွေကို အရှိန်မြှင့်ဖမ်းဆီးတာ၊ ပေါ်တာဆွဲ​တာတွေအပြင် ပြည်ပထွက်ခွင့်ပိတ်ပင်တာတွေနဲ့ အခုဆိုရင် အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားလာတာ​ ဖြစ်ပါတယ်။

ကလေးမြို့နည်းတူ မန္တ​လေး၊ ရန်ကုန်၊ မုံရွာ၊ ​မြင်းခြံစတဲ့ နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာလည်း စစ်သားသစ် စုဆောင်းခံရတဲ့ လူငယ်တွေ အများအပြားရှိနေပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံနေရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ရှမ်း-ကရင်နီနယ်စပ်က မိုး​ဗြဲတိုက်ပွဲမှာလည်း စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး အများစု သေဆုံးခဲ့ကြတယ်လို့ သိရတယ်။ 

 

0 Shares:
You May Also Like
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းကို ထိုးစစ်အသွင်ပြောင်းလာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အရေအတွက်မြင့်တက်

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement - RICE  က ထုတ်ပြန်ပါတယ်။  
Read More

စစ်တပ် စစ်ကြောင်းဝင်ချိန် လက်နက်ခဲယမ်း မလုံလောက်မှု၊ ရံပုံငွေ ပြတ်တောက်မှုများကြောင့် ပြည်သူကို အကာအကွယ် မပေးနိုင်ခဲ့မှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁ တောင်းပန်

“စစ်ကြောင်းက ၄ ရက်လောက်ကြာတယ်။ အိုးအိမ်ပျက်စီးမှုတော့ မရှိပါဘူး။ ပြည်သူတွေကိုလည်း စစ်ကြောင်း ၃ ကြောင်း ခွဲထိုးပြီး ဝိုင်းတာတွေရှိပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁၊ ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် မြို့အနောက်တောင်ပိုင်းဇုန်က ရွာ ၁၀ရွာ ထက်မနည်း တိမ်းရှောင်နေရ၊ အရေးပေါ်လိုအပ်ချက်တွေ မြင့်တက်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြို့အနောက်တောင်ပိုင်းတကြောက ကျေးရွာတွေမှာအရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။