ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မောင်တော၊ တောင်ကုတ်၊ ဂွနဲ့ အမ်းမြို့တွေကို အပြီးသတ်သိမ်းနိုင်ခဲ့သလို ချင်းပြည်နယ်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်က ဆိုပါတယ်။

အဓိကအားဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီအတွက် အရေးပါတဲ့ မြို့ကြီးတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဉာဏ်လင်းသစ်အဖွဲ့၏ ထုတ်ပြန်ချက်

ပြင်းထန်တဲ့ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၁၄၃၇ ယောက် သေဆုံးပြီး ၃၈၄ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကာလတွေမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇၂ ယောက်သေဆုံးပြီး ၂၅၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားတွေကို ဗုံးမကြဲဖို့ သတိပေးတဲ့အနေနဲ့ လေတပ်ဗိုလ်မှူးရဲ့ ဂတ်စ်မီးဖိုဆိုင်ကို ဖောက်ခွဲရာ ဆယ်အိမ်မှူး သေပြီး ၂ ယောက် ထိိခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်​ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

နိုင်ငံခြားငွေဈေး မြင့်တက်နေတာဟာ ပြည်ပထွက်ခွာသူ များလွန်းတာကြောင့်လို့ မင်းအောင်လှိုင် ပြည်သူတွေကို အပြစ်တင်၊ နိုင်ငံခြားငွေ မရှာနိုင်ပါက တိုင်ပြည်လုံးပါး ပါးသွားမည်ဟုခြိမ်းခြောက် …

“Non Trade မှာ လိုငွေတွေ အများကြီးပြတယ်။ အနှုတ်တွေ တအားများပါတယ်။ ပြည်ပထွက်ခွာမှုတွေ တော်တော်ကို များတာတွေ့ပါတယ်။ ပြည်ပထွက်ခွာမှုတွေက လမ်းလျှောက်သွားတာ မဟုတ်ဘူး။ လေယာဉ်ပျံနဲ့ သွားကြတာကိုးဗျ။ လေယာဉ်ခတွေ ကုန်တာပေါ့၊ အဲဒီမှာ… ဒါ .. အခြေခံလေးတခုပဲ ကျွန်တော်တွက်ပြတာပါ” လို့ မင်းအောင်လှိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။