မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် – Bamar Army ထံက သိရပါတယ်။

တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားပြီး ရဲစခန်းအတွင်း စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက မိတ္ထီလာ လေတပ်စခန်းကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်း ပစ်ကူပေးခဲ့ပြီး တော်လှန်ရေးတပ်တွေ စခန်းကို မီးရှို့ဖျက်ဆီးကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲကို ဗမာ့တပ်တော် (BAMAR ARMY) အမှတ်(၇၀၇) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း၊ ဒေါင်းစစ်အောင် (LPDF)၊ စလင်း (ပကဖ)၊ ဒေါင်းညီနောင် (LPDF)၊ SLN (LPDF)၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့နဲ့ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ‌ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ  လေကြောင်းကနေ ဗုံး ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ရုပ်သံဖိုင် Justice Soldier PDF ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင် ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ Justice Soldier PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်မန်ကျည်းကန် ပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းလေးဒေသတွင် နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။