မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိတဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“KNLA ဦးဆောင်တဲ့ ကျနော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ မဲပလီဗျူဟာစခန်းကို တစ်လတိတိမှာ အလုံးစုံသိမ်းပိုက်ရရှိပါတယ်” လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDFတာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့

အဆိုပါ စခန်းသိမ်း တိုက်ပွဲမှာ ၁၂၀ မမ တာဝေးပစ် ဟောက်ဝေဇာတစ်လက်အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စကခ (၈) ရဲ့ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း (၂၇) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“စစ်သုံ့ပန်းတွေကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ဒဏ်ရာရတဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဆေးကုသမှုတွေ ဆောင်ရွက်ပေးပါတယ်” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေစဉ် မဲပလီဗျူဟာထဲမှာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး တင့်လွင်ဦးနဲ့ ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် စုစုပေါင်းအင်အား (၁၀၀) နီးပါးရှိနေပြီး တိုက်ပွဲအတွင်း ခမရ (၄၀၅) က ဒုရင်းမှူး ဗိုလ်မှူးခန့်နိုင်နဲ့ ဗိုလ်ကြီးဇော်မင်း အပါအဝင် (၄၀) နီးပါး သေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ကိုအေးမင်းထွန်းကပဲ ဆက်လက်ပြီး “အခုတော့ စခန်းက ရှင်းလင်းပြီးပါပြီ၊ သူတို့ဘက်က ပြန်ပြီး စစ်ကြောင်းထိုးလာတာတွေ မရှိသေးပါဘူး၊ လေယာဉ်တွေနဲ့ပဲ ဗုံးကြဲတာရှိပါတယ်၊ ထိခိုက်သေဆုံးတွေတော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသည့် သုံ့ပန်းများ
ဖမ်းဆီးရမိသည့် သုံ့ပန်းများ

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီကျေးရွာအပါအဝင် ဘေးပတ်လည် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာကို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းတွေထဲက သူရိယစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တုန်းက ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ်နေမျိုးနဲ့ တပ်သားသန်းစိုးအောင်တို့ဟာ အရက်သေစာသောက်စား မူးယစ်ရမ်းကားပြီး အမျိုးသမီးတစ်ယောက် အပါအဝင် မဲပလီရွာသား (၈) ယောက်ကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲ ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးရဲ့  ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်း သေဆုံးသွားခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဒဏ်ရာရ ရွာသား (၇)ယောက်ထဲက ဒဏ်ရာပြင်းထန်သူ (၃) ယောက်ကို အောက်တိုဘာ ၁၅ ရက်မှာ သထုံဆေးရုံ ပို့ဆောင်ဖို့အတွက် ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးက မဲပလီရွာခံ အမျိုးသမီး (၂)ယောက်ကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အနိုင်ကျင့်စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲမှာ အထက်ဖော်ပြပါအတိုင်း ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ-၁ သထုံခရိုင်အတွင်းမှာ စစ်တပ်က ဆယ်စုနှစ် တစ်ခုနီးပါးအကြာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ စစ်ရေးအရ အချက်အချာကျပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေဆီ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးငယ်နဲ့ ခဲယမ်းများစွာ ရရှိခဲ့တဲ့အပြင် ၁၂၀မမ တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီးကိုလည်း အကောင်းအတိုင်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

ပဋိပက္ခပြင်းထန်တဲ့ ရခိုင်မှာ လူ ၂ သန်းကျော် အငတ်ဘေးဆိုက်နိုင်ကြောင်း UNDP သတိပေး

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်မှာ သတိပေးထားပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။