မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။ 

ဖေဖော်ဝါရီလ ၄ ရက် ဒီနေ့မနက်ပိုင်းမှာ စလင်းမြို့နယ်၊ တညောင်စျေးအတွင်း ပိုက်ဆံကောက်နေတဲ့ တညောင်တိုက်နယ်ရဲစခန်းက ဒုရဲအုပ် လဲ့လဲ့စိုးကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း) က မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဒုရဲအုပ် လဲ့လဲ့စိုး အပါအဝင် တညောင်တိုက်နယ်ရဲစခန်းက စစ်အုပ်စုနဲ့ရဲတပ်ဖွဲ့ဝင်တွေကို အလင်းဝင်ရောက်ဖို့ ၃ကြိမ်တိတိအချိန်ပေးဆက်သွယ်ရာမှာ လက်မခံခဲ့သလို ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်တာတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် အခုလိုရှင်းလင်းခဲ့တာဖြစ်ကြောင်း စလင်းပကဖ တာဝန်ရှိသူ ကိုအောင်ဆန်းက ပြောပါတယ်။

ပစ်ခတ်ရှင်းခံရသည့် ဒုရဲအုပ် လဲ့လဲ့စိုး

“ကျနော်တို့ တညောင်ဘက်ဝန်းကျင်မှာ ကင်းပတ်ရင်း စျေးထဲမှာ လဲ့လဲ့စိုး ဆက်ကြေးကောက်နေတယ် သတင်းကြားလို့ သွားပြီးရှင်းခဲ့တာပါ။ သူကအရပ်ဝတ် ဆိုင်ကယ်နဲ့ပါ။ သူ့(ကို) မရိပ်မိအောင် ပုံဖျက်လာတဲ့ပုံပေါ့။ ကျနော်တို့ကလည်း တညောင်စခန်းက ရဲတွေ၊ ရဲမေတွေကို အရင်ကတည်းကအကြိမ်ကြိမ်သတိပေးခဲ့ပြီးသားပါ။ ဒါကို သူတို့က ဂရုမစိုက်ကြဘူး။ ခရီးသွားကားသမားတွေ စျေးသည်တွေဆီက အဆမတန် ငွေကောက်တာတွေ ရှိပါတယ်။ ဒါကြောင့်ရှင်းခဲ့တာပါ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စလင်း) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကိုပြောပါတယ်။

လက်ရှိမှာလည်း တညောင်ရဲစခန်းအပါအဝင် တညောင်-မြို့လှ လျှပ်စစ်ဓာတ်အားပေးရုံနေ စစ်ကောင်စီတပ်တွေက တညောင်လမ်းပိုင်းတွေကို သေနတ်ပစ်ဖောက်ပြီး ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ 

စလင်းပကဖအနေနဲ့ ဖေဖော်ဝါရီလ ၃ရက် မနေ့ကမနက်အစောပိုင်းမှာလည်း စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့အတူ သွားပြီး စီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်နက်အပြည့်အစုံ ယူဆောင်၊ အလံဖြူထောင်ကာ ‘အောင်ပြီဟေ့ အောင်ပြီ’ လို့ အော်ဟစ်အလင်းဝင်လာသည့် ပျူစောထီး ဒုခေါင်းဆောင်

“ချိတ်ဆက်မှု တိတိကျကျ မလုပ်ထားဘူးဗျ။ ရုတ်တရက် ထွက်လာတာ။ ကျနော်တို့က ထွက်လာဖို့ရှိတယ်ပဲ သိထားတာ။ သူ့ဘာသာသူ ဆိုင်ကယ်နဲ့ အလံဖြူထောင်ပြီး ထွက်လာတာဗျ။ သူတို့မှာရှိတဲ့ကားမှာ ဘီး ၄လုံးစလုံး ဖြုတ်ထားခဲ့တယ်။ ထော်လာဂျီလည်း ဘီးဖြုတ်ထားခဲ့တယ်။ ပြီးတော့မှ သူက ဆိုင်ကယ်နဲ့စီးပြီး လက်နက် အပြည့်အစုံနဲ့ ထွက်လာတာပါ” လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။