KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် အပါအဝင် စုစုပေါင်း တပ်ရင်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်ခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကနဦး သိမ်းပိုက်ရရှိမှုအဖြစ် အမှတ် (၃၆၆) အမြောက်တပ်ရင်းဌာနချုပ်နဲ့ အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့  KIA  စစ်ရေးသတင်းရင်းမြစ်တစ်ခုဆီက သိရပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း  KIA ဟာ စကခ (၂၁) အနီးကသံချပ်ကာတပ်ရင်း အပါအဝင် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာမဍတွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ဗန်းမော်မြို့တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်စခန်းနဲ့ ဗျုဟာကုန်းအချို့ ကျန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ကိုသိမ်းပိုက်ဖို့ အနည်းငယ်ကျန်ရှိနေတာဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဆပ်နွှဲခဲ့ရာ တိုက်ပွဲဟာ၂လနီးပါး ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့  အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ထားတဲ့ မြို့ ဖြစ်ပါတယ်။

KIA ဟာ ကချင်ပြည်နယ်အတွင်း မြို့​ပေါင်း ၁၄ မြို့နဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ မဘိမ်းမြို့ နဲ့ နမ့်ဖက်ကာဗျူဟာတို့ကို သိမ်းပိုက်ထားပြီး ၁၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ် (၄၅) လုံးအတွက် PDF နဲ့ ပကဖများ သွားရောက်လှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ် (၄၅) လုံးအတွက် အိမ်တစ်လုံးကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ​ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။