အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ရင်းတပ်ဖွဲ့အချို့ နှုတ်ထွက်မှုရှိနေမှုအပေါ် ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂ရက်နေ့က ပြုလုပ်တဲ့ နွေဦးတော်လှန်ရေး စကားဝိုင်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

တပ်ရင်းတပ်ဖွဲ့အချို့နှုတ်ထွက်ရခြင်းအပေါ် အကောင်းဆုံး ညှိုနှိုင်လက်ခံပေးနေပြီး အဓိကအားဖြင့် အချက်နှစ်ချက်ကြောင့် နှုတ်ထွက်နေရတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက အသိပေးပြောဆိုပါတယ်။ 

“လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အရတော့လက်နက် အလုံအလောက် တပ်ဆင်ပေးနိုင်မှု မရှိသေးတာမို့ လက်နက်တပ်ဆင်ပေးနိုင်တဲ့ အဖွဲ့တွေဆီ ကူးပြောင်းသွားတာကြောင့်ရယ်၊ စစ်ဆင်ရေးလိုအပ်ချက်အရ တပ်များ ရွှေ့ပြောင်းရတဲ့အခါ မလိုက်ပါလိုသည့်တပ်များ ထွက်ပြီးကျန်နေခွင့်ရအောင် လမ်းဖွင့်ပေးထားတာဖြစ်ပါတယ် “ လို့ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

NUG ရဲ့ လမ်းကြောင်းပေါ်မှာ မရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တော်လှန်ရေးအတွက် ဆက်လက်လုပ်ဆောင်ကြတာဖြစ်ပြီး ၎င်းတို့ကို တပ်ဆင်ပေးထားတဲ့ လက်နက်များကိုလည်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့  ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

NUG အောက်မှာ မရှိတော့ပေမယ့် တော်လှန်ရေးအတွက် ဆက်လက်လက်တွဲပူးပေါင်းတိုက်ပွဲဝင်မှုတွေ ရှိနေမှာဖြစ်ပြီး ၎င်းတို့ကို လေးစားတန်ဖိုးထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

စစ်ရေးအရ မဟာမိတ်များအဖြစ် တည်ရှိနေမှာဖြစ်ပြီး စစ်အာဏာရှင်ကို အတူတကွ တွန်းလှန်သွားဦးမှာဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက အသိပေးပြောကြားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။

တော်လှန်ရေး အပြောင်းအလဲတွေ၊ မြေပြင်အခြေအနေတွေနဲ့ သူတို့ရဲ့အခက်အခဲတွေကြောင့် MOD ရဲ့ COC အောက်ကနေ နှုတ်ထွက်ရခြင်းဖြစ်တယ်လို့ မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်မှာ အခြေစိုက်တဲ့ အဆိုပါတပ်ရင်းနှစ်ခုလုံးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ (၃)နှစ် ကျော်ကြာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ တပ်ရင်းနှစ်ခုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်းကလည်း အညာဒေသက တော်လှန်ရေးတပ်ဖွဲ့အချို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နှုတ်ထွက်မှုအချို့ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။