စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရွှေဘိုမြို့နယ်၊ တိုက်နယ်အမှတ် ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့တာပါ။ အဲဒီတပ်သားသစ်ဟာ ခမရ ၁၂ ခြေမြန်တပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားသစ်ဟာ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၅.၅၆ ကျည် ၁၀၈ တောင့်၊ လက်ပစ်ဗုံး ၄ လုံး ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်သားသစ်ကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ကာ ဘေးကင်းရာ ပို့ဆောင်ပေးမှဦ ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ပျူစောထီး များအနေဖြင့်လည်း အမြန်ဆုံးအလင်းဝင်ရောက်ဖို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ZOLAND ရဲ့ တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ …(ဓာတ်ပုံသတင်း)

Zomi Federal Union /PDF ZOLAND တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ဆီကို ABSDF ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး လာရောက်စစ်ဆေး (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် ၃ စစ်ကြောင်းဆီကို ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး က လာရောက်ပြီး စစ်ကြောင်းအတွင်းရှိ ရဲဘော်တွေနဲ့ တွေ့ဆုံခြင်း ၊ ရှေ့တန်းနယ်မြေတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်အပြင် ရဲဘော်တွေကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။