တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းမှာ တနင်္သာရီမြို့ ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ရွာနဲ့ ညောင်ပင်ကုန်းရွာအရောက် မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြိုတင်ပြီး လမ်းကင်းလာယူတဲ့ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းက စစ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သွေးကွက်အချို့

ဒီတိုက်ခိုက်မှုကို  မြိတ် ပကဖ၊ တနင်္သာရီပကဖ ဇုန် ၃ နဲ့ ဇုန် ၅ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီယာဥ်တန်း အထိနာကာ လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညောင်ပင်ကုန်းရွာကနေ ဘန်းလမွတ်ရွာဘက်ပြန်အရောက် ဘန်းလမွတ်ရွာ တောင်ကုန်းပိုင်းရပ်ကွက်က ပြည်သူနေအိမ် ၄ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း ခရီးသွားလာရာမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ် မသွားလာဖို့ ပကဖ မြိတ်က သတိပေးထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သွေးကွက်အချို့
0 Shares:
You May Also Like
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အရှိူချင်းကာကွယ်ရေးတပ်နဲ့ မြို့နယ် ပ.က.ဖ ကူညီထောက်ပံ့ပေးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် - ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။