ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

မဲပလီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နဲ့ Force for Federal Democracy (FFD) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ အဲဒီဗျူဟာစခန်းကနေ ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယနေ့မနက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်အမှာစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုပြီး အမှာစကားပြောကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသမှ ယနေ့ နံနက်ပိုင်းမှ သတင်းထုတ်ပြန် လိုက်ပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။