ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

KNDF တပ်ရင်းအမှတ် (၁၅) က Drone တပ်သား ခူးတီရယ်ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်က ရှေ့တန်း မြေပြင်တစ်နေရာမှာ ဇန်နဝါရီလ တတိယအပတ်ကစလို့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တာပါ။

ရဲဘော်ခူးတီရယ်ဟာ ဘောလခဲ စစ်ဆင်ရေးတစ်ခုအတွင်း တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူနဲ့အတူ တော်လှန်ရေးအပေါ်  တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ရဲဘော်ခူးတီရယ် ကျဆုံးခဲ့မှုအတွက် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရသလို အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ လေးစား အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက် မပြီးမြောက်မီ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေနဲ့အတူ အဖက်ဖက်က အသက်၊ခန္ဓာ ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေ၊ ပြည်သူတွေအားလုံးကို အစဥ်အမြဲ လေးစား အသိအမှတ်ပြုသလို ရည်မှန်းချက် ပြီးမြောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင် သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပဲခူးရိုးမ၊ ဆွာဆည်တမံပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

"ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။" လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီထိပ်သီးခေါင်းဆောင် လာဖို့ရှိသည့် စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။