အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

AYA PDF အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆင်နွှဲနေရာက အခုအခါ မဟာမိတ်တွေနဲ့အတူ ခြေသံလုံလုံနဲ့ စစ်ရေးအတွေ့အကြုံတွေ လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာအနေနဲ့ ရဲဘော်သစ် သင်တန်းသားတွေကို စနစ်တကျ စိစစ်လက်ခံနေရာ တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို လှိုက်လှဲစွာ ကြိုဆိုလက်ခံနေတယ်လို့ သိရပါတယ်။

 အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဥ် ၆ စစ်သင်တန်းအတွက် အမျိုးသမီး  (စစ်မေ) တွေကို အထူးအလေးထားဖိတ်ခေါ်သလို အခြေခံစစ်ပညာသင်တန်း ပြီးဆုံးတဲ့အခါ အရည်အချင်းနဲ့ စိတ်ပါဝင်စားမှု၊ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ချေမှုန်းရေးအပြင် ဗျူဟာရဲ့ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းတွေမှာ တာဝန်များထမ်းဆောင်ဖို့ ကြိုဆိုလက်ခံနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
0 Shares:
You May Also Like
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

MNDAA ကိုအတင်းအကျပ် ဖိအားပေးစစ်ပွဲရပ်ခိုင်းပြီး လားရှိုးမြို့ကနေ ပြန်ဆုတ်ခိုင်းတဲ့ တရုတ်က မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု မရှိနေဟုဆို

MNDAA ကိုအတင်းအကျပ် ဖိအားပေးစစ်ပွဲရပ်ခိုင်းပြီး လားရှိုးမြို့ကနေ ပြန်ဆုတ်ခိုင်းတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် အားပေးထောက်ခံနေပြီး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်တဲ့မူကို ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက ပြောပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် ရဲစခန်း ၂ ခုနှင့် ရုံးပေါင်းစုံရုံးရှိရာကို ပကဖတိုက်ခိုက်ရေးတပ်များ လက်နက်ကြီးများ၊ RPG 7 များနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။