မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို ဇန်နဝါရီလ ၂၉ရက် ညသန်းခေါင်ယံအချိန်မှာ ဂျက်ဖိုက်တာ ၂စင်းနဲ့ ပေါင် ၅၀၀ ဗုံးသီးတွေ စတင်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ​ဒေသခံ ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြိုင်မြို့နယ် အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသည့် CDM ကျောင်းသူ

ဒါ့အပြင် ဇန်နဝါရီလ ၃၀ရက် ညနေပိုင်းမှာလည်း စစ်အုပ်စုက အဲ့ဒီတက္ကသိုလ်နေရာကိုပဲ မကွေးလေတပ်နဲ့ တံတားဦးတက် ဂျက်ဖိုက်တာ ၃စီးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် CDM ကျောင်းသူ ၁ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဖွင့်ပွဲမလုပ်ခင် တစ်ရက်အကြိုည အပစ်ခံရတာပါ။ သတင်းပေါက်တာလို့ ပြောရပါမယ်။” လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့အနောက်တောင်ဘက် စက်မှု ၂ကနေ အရှေ့တောင်ပိုင်းကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာက စစ်ကြောင်းဟာလည်း မြိုင်မြို့နယ်အတွင်း ပေါင်းဆုံနိုင်တယ်လို့ We Love Myaing အဖွဲ့က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီက အပြင်းအထန် လေကြောင်းဗုံးကြဲနေလို့ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွါပေးထားရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်လည်ဆုတ်ခွါပေးထားရတယ်လို့ သိရပါတယ်။
Read More

ပေါက်နဲ့ မြိုင်အစပ်က ရွာသစ်စုရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချလို့ အရပ်သား၂ ယောက်ထိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရွာသစ်စုကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။