အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

AYA PDF အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆင်နွှဲနေရာက အခုအခါ မဟာမိတ်တွေနဲ့အတူ ခြေသံလုံလုံနဲ့ စစ်ရေးအတွေ့အကြုံတွေ လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာအနေနဲ့ ရဲဘော်သစ် သင်တန်းသားတွေကို စနစ်တကျ စိစစ်လက်ခံနေရာ တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို လှိုက်လှဲစွာ ကြိုဆိုလက်ခံနေတယ်လို့ သိရပါတယ်။

 အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဥ် ၆ စစ်သင်တန်းအတွက် အမျိုးသမီး  (စစ်မေ) တွေကို အထူးအလေးထားဖိတ်ခေါ်သလို အခြေခံစစ်ပညာသင်တန်း ပြီးဆုံးတဲ့အခါ အရည်အချင်းနဲ့ စိတ်ပါဝင်စားမှု၊ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ချေမှုန်းရေးအပြင် ဗျူဟာရဲ့ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းတွေမှာ တာဝန်များထမ်းဆောင်ဖို့ ကြိုဆိုလက်ခံနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
0 Shares:
You May Also Like
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း လူငယ်များကို စစ်တမ်းကောက်ယူရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံယုံကြည်မှု အမြင့်ဆုံးဟုဆို

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်မှာ လမ်းပိုင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း ဒုအရာခံဗိုလ်အပါ ၅ ယောက်သေ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ယောက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။