အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကို လေကြောင်းကနေ စစ်ကူရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ မြေပြင်မှာ ချင်းတော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အင်အား ၅၀ထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပြန်ခေါ်မယ်လို့ စစ်ကောင်စီက ကတိပေး​ပေခဲ့မယ့် လေယာဉ်အဆုံးအရှုံးမခံနိုင်တာကြောင့် လာရောက်ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဘူးလို့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေကက CNDF ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ပြောကြားထားပါတယ်။

“ကျနော်တို့က ခြေလျင်တပ်သားတွေလေ၊ ရဟတ်ယာဉ်ပေါ်က မခုန်ချရဲဘူး၊ အဲ့ဒါကို အနောက်ကတွန်းချတယ်၊ ကျနော်ခြေထောက်လည်း ခုန်ချရင်း အရိုးအက်သွားတယ်” လို့ ၁၀ ပေခန့် အမြင့်ကနေ တွန်းချခံရပြီး ဖလမ်းမြို့ကို စရောက်ရောက်ချင်းမှာပဲ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သုံ့ပန်းတစ်ယောက်က ရှင်းပြပါတယ်။

သူတို့ ဖလမ်းကိုရောက်ရှိလို့ ခဏလေးအတွင်းမှာပဲ စစ်ကောင်စီဘက်က ၅ယောက်လောက် တိုက်ပွဲမှာ သေဆုံးသွားခဲ့တာကြောင့် စိတ်ဓာတ်ကျခဲ့ရကြောင်း သူက ဆိုပါတယ်။

ဒီလို ဖမ်းဆီးရရှိသူတွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ ရောက်လာသူတွေ ဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံအတွင်း ပြောပြချက်အရ စစ်ကူလာတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ကို စစ်ကူလာရမှာကို ကြိုမသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်းလို့ တက်လာရခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စားနပ်ရိက္ခာ လာချပေးပါဆို မင်းတို့အတွက်နဲ့ ငါ့လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့။ အဲဒါဆို ဘာလုပ်တော့မှာလဲ ကျနော်တို့မှာ။ ဘာမှလုပ်စရာမရှိတော့ဘူး၊ သူတို့ကို ပြန်တိုက်ဖို့ပဲရှိတော့တယ်” လို့ ဖမ်းဆီးခံ စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ယောက်က ပြောပါတယ်။

အထူးသဖြင့် စစ်အုပ်စု ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားတာဟာ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်း ဒေသတွေက ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က စပြီး  ချင်းညီနောင်စစ်ဆင်ရေး (operations CB) အဖြစ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။