မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၃၀ ရက် မနေ့က ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိ နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ၆၀ မမ လက်နက်ကြီးနဲ့ ၈ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နဲ့ ရေးဘီလူးတပ်ရင်း ၊ တပ်ခွဲ ၁ တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေတိဂုံစေတီတော် အထက်ပစ္စယံပေါ် ဝရမ်းပြေး မင်းအောင်လှိုင် တက်ရောက်ရွှေသင်္ကန်းကပ်

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကြေညာခံထားရပြီး  ရက်ပိုင်းအကြာမှာပဲ  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ရဲ့ အထက်ပစ္စယံအထိ တက်ရောက်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။