မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို ပခုက္ကူခရိုင် ပကဖ တပ်ခွဲ (၃)၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေး Y.R.F တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၈) တပ်ရင်းနဲ့ ပေါက်+မြိုင် တပ်ပေါင်းစု တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

USBA အဖွဲ့ စစ်ဆင်ရေးလှုပ်ရှားနေစဉ် (ဓာတ်ပုံ USBA)

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက အထိနာကာ လေကြောင်းပစ်ကူပေးခဲ့ပြီး အနီးရှိ ကပစ (၂၄) က ၁၂၂ မမ MLRS တွေနဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တိုင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်ကလည်း မင်းလှမြို့နယ်၊ ကန်တုပ်-စစ္စနို့ လမ်းပိုင်းပေါ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ကား (၂) စီးကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့  (USBA) က အနီးကပ် ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မကွေးတိုင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ရဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်လာနိုင်တဲ့ အခြေအနေ ခန့်မှန်းချက်ကို NUG ထုတ်ပြန်… လက်ရှိ စစ်ကိုင်းငလျင်ဟာ ရှေ့ပြေးငလျင်အဖြစ် ဖြစ်နိုင်ချေ ၀.၂ ရာခိုင်နှုန်းသာရှိ…

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့(USGS) ရဲ့ ဧပြီလ ၄ ရက် ခန့်မှန်းချက်တွေအရ ဧပြီ ၁၁ ရက်အထိ ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေး ကြုံတွေ့နေရစဉ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ NUCC တောင်းဆို

နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။