မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ပေါင် ၂၅၀ ဗုံး (၁) လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ၃ နာရီအကြာ ညသန်းခေါင်ကျော်ချိန်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်က နောက်ထပ် တစ်ကြိမ် ပေါင် ၂၅၀ ဗုံး (၄) လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒရုန်းတပ်စခန်းက စစ်ရေးသုံး ပစ္စည်းတချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး အဲ့ဒီစခန်းမှာ ဘုရားအလှူငွေပုံး ဖောက်ထွင်းမှုကြောင့် ယာယီထိန်းသိမ်းထားတဲ့ ရာဇဝတ်သားတစ်ယောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ YDF က ဆိုပါတယ်။

ယောနယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်တွေ သတိထားပြီး အထူးဂရုစိုက်ကြဖို့ လိုအပ်လာပြီဖြစ်သလို ကတုတ်ကျင်းတွေ တူးထားခြင်း၊ အကာအကွယ်လုံခြုံမယ့်နေရာတွေကို ကြိုတင်ကြည့်ရှုရှာဖွေထားခြင်းတို့ ပြုလုပ်ထားဖို့ YDF က သတိပေးတိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ဟာ အာဏာ မစွန့်လွှတ်ရရေးအတွက် ပြည်သူတွေ ရက်စက်ယုတ်မာဖို့ လက်တွန့်မှာ မဟုတ်တာကြောင့် တပ်ဖွဲ့ရဲ့ သတိပေးချက်ကို အလေးထား လိုက်နာလုပ်ဆောင်ဖို့ YDF က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

ငါန်းဇွန်မှာ စစ်အုပ်စုရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးပစ်ခံရပြီး ၄ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ ​​မြင်းခြံခရိုင်၊ ​ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးစစ်သား ၄ ယောက်​ သေဆုံးခဲ့ကြောင်းသိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ဦး MBT တပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ယောက်ဟာ လက်နက်နှင့်တကွ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ MBT တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။