ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 

သာယာဝတီမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကို လာမယ့် ဖေဖော်ဝါရီလမှာ စတင်ကောက်ယူသွားမှာဖြစ်ပြီး အသက် ၁၈နှစ်ကနေ ၂၇နှစ်အတွင်း လူလွတ်အမျိုးသမီးတွေကို အဓိကထား စာရင်းကောက်ယူသွားမှာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ 

“အခုက ခရိုင်ထဲက လူလွတ်အမျိုးသမီးတွေကို မြို့တိုင်းကောက်တော့မယ်ဆိုပြီး သိရတယ်၊ ကောက်မှာကတော့ လာမယ့်လ အစမှာပေါ့၊ အခုတော့ စာရင်းတွေ စပြုစုနေကြပြီ၊ လူလွတ်အမျိုးသမီးတွေအားလုံး အကျုံးဝင်တယ်ဆိုလို့ အိမ်ထောင်ပြုသူကလည်း ပြုကုန်ကြပြီ” လို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီက အမျိုးသားလူငယ်တွေကို စစ်မှုထမ်းဖို့ ကောက်ခံနေမှုမှာလည်း အရင်ကလို စာရွက်စာတမ်းနဲ့ ဘယ်သူဘယ်ဝါက စစ်မှုထမ်းရမယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတော့တယ်လို့ ဆိုပါတယ်။ 

လူငယ်တွေ ဖမ်းဆီးခံရရင် ပြန်လည်ရွှေးထုတ်ဖို့ ပေါက်ဈေးဟာ သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြားရှိနေပြီး တချို့လူငယ်တွေက မိသားစုတွေကို ငဲ့ကာ စစ်ထဲဝင်သွားကြသူတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။ 

သူကပဲ ဆက်လက်ပြီး “အခုအမျိုးသမီးခေါ်တာက တခုလပ်အမျိုးသမီး… သားသမီးပဲ ကျန်တယ် အဲ့လိုဆိုရင်တော့ မခေါ်သေးဘူးပေါ့နော် ပြီးတော့ အိမ်ထောင်သည်ဆိုလည်း အိမ်ထောင်ရှိကြောင်း သက်သေပြဆိုတာမျိုးတွေပေါ့… အမျိုးသားတွေကတော့ မေးကို မမေးနေတော့ဘူး ပေါ်တာကိုဖမ်းဆွဲသွားတာ” လို့ ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက သာယာဝတီခရိုင်ထဲမှာ လူငယ်တွေကို ဖမ်းဆီးသွားပြီးရင် စစ်သင်တန်းကျောင်းကို မပို့တော့ဘဲ ထွေအုပ်ရုံးတွေမှာထားကာ လူငယ်တွေကို မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာတွေနဲ့ပါ လွတ်လွတ်လပ်လပ် ပျော်ပါးခွင့်ပေးထားပြီး စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာမြို့နယ်တွင် လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အမ်းကနေ ကစဉ့်ကလျား ထွက်ပြေးလာကြတဲ့ စစ်သားတွေ ငဖဲမှာ ပိတ်ဆို့ဖမ်းဆီးခံရ၊ ပစ်ခတ်မှုတွေဖြစ်ပြီး ၅ ယောက် သေ

ရခိုင်ပြည်နယ် အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ရက်ဆက် ပိတ်ဆို့ဖမ်းဆီးမှုမှာ ၅ယောက်သေဆုံးပြီး ၁၂ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Chin Defence Force (Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။