မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​​ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောက်စီဘက်က အထိအခိုက်များခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၂၈ရက်ကစလို့ စလင်းမြို့ ခလရ – ၂၅၃ ၊ ၂၅၄ နဲ့ ၂၅၅ တပ်တွေထဲက ထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေဟာ စလင်းမြို့မြောက်ဘက်က တောတွင်၊ သာစည်၊ မိုး၀င်းနဲ့ သရက်ချဉ်ရွာတွေဆီဦိးတည်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ မြင်းခေါင်းကျေးရွာ အရှေ့ဘက်နဲ့ အနောက်ဘက်အခြမ်းတွေမှာ ၈၁ မမလက်နက်ကြီးတပ်ဆင်ရင်း အနီးအနားကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် မိုး၀င်းကျေးရွာထဲက ပြည်သူ့နေအိမ်၁လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ယောက် ထိခိုက်ကာ ၁ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို လက်နက်ကြီးလက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ရင်း မြောက်ဘက်ဆီကို ဂျမ်မာကားတွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတချို့လည်းဒေါင်းစစ်အောင် (LPDF) အဖွဲ့ရဲ့ ရှေ့ပွိုင့်မိုင်းတွေ ထိမှန်ကာ အထိအခိုက်တွေရှိခဲ့တယ်လို့ ကိုထူးလေးကပြောပါတယ်။

ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ဝင်များ စစ်ရေးဖော်ဆောင်နေစဥ်

ဇန်နဝါရီလ ၂၉ရက်နေ့မှာတော့ သရက်ချဥ်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မနက် ၈နာရီ ၁၅မိနစ်ဝန်းကျင်မှာ တပ်ပေါင်းစုတွေနဲ့ စကစ ၁နာရီကြာ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ ကျနော်တို့ စိုးမိုးနယ်မြေယူနေတဲ့ နေရာကို ဝင်လာတာပေါ့။ လက်ရှိအတွင်းသတင်းအရတော့ စလင်းမြို့ဆေးရုံကြီးကိုရောက်တာတွေရောဆို အထိအခိုက်ကများတယ်။ ဒရုန်းချတာလည်းပါတယ်ဆိုတော့လေ။ လေးငါးခြောက်ယောက်လောက်ရှိပါမယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF)အဖွဲ့နဲ့အတူ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ မကွေးတိုင်း ဒရုန်းအဖွဲ့၊ မင်းဘူးခရိုင် တပ်ရင်း (၅) ဒရုန်းအဖွဲ့၊ မင်းဘူးခရိုင်တပ်ရင်း(၁)၊ မင်းဘူးခရိုင်တပ်ရင်း(၅)၊ ဗမာ့တပ်တော်အဖွဲ့၊ မင်းဘူးခရိုင် စလင်းမြို့နယ် (ပကဖ)အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့စစ်ကောင်စီတပ်က ပြည်သူပိုင် ၁၂ဘီးတွဲကားတွေကို အသုံးပြုပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့နေအိမ်တွေထဲက ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးတာကြောင့် တောတွင်၊ သာစည် ၊မိုး၀င်း၊ သရက်ချဉ်နဲ့ ကျေးရွာတော်တော်များများက အရပ်သား ၉၀၀ နီးပါးဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ဝင်များ စစ်ရေးဖော်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

ရေဦးမှာ NUG အစိုးရ ဌာနဆိုင်ရာတွေက လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေဦးမြို့နယ်မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊မြို့နယ် ပ.က.ဖ ကူညီကယ်ဆယ်ရေးနဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် အချိန်ကိုက် “ဝ”တပ်ရဲ့ လက်နက်ပိတ်ဆို့မှု 

စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အပူတပြင်းလုပ်ဆောင်နေတဲ့ အချိန်မှာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ကနေ လက်နက်ထောက်ပံ့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်က အချိန်ကိုက် ထွက်ပေါ်လာပါတယ်။ 
Read More

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဧရာဝဏ်ရဲစခန်းဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ဆေးလိပ်ထွက်သောက်သည့် ရဲ ၁ ဦး နေရာတင် သေပြီး ၂ ဦးဒဏ်ရာရ…

"အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ" လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။