မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။

မြို့သာရဲစခန်းမှာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့် ဖြည့်တင်းထားတဲ့အတွက် လက်လုပ် 3 Kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1 Kg ဒရုန်းဗုံးသီး ၆ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ သိ ရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ဦးဆောင်ပြီး မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃နဲ့ ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်ရှိ ပြည်သူပိုင်နေအိမ် တွေနဲ့ ဘီယာဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ ပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။
Read More

ကြည့်မြင်တိုင်မှာ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး(ရုပ်/သံ)

ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။