စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။

စစ်တပ်မှာ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်ပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်လို့ အကြောင်းပြကာ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလက ဖမ်ဆီးလိုက်ခြင်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့မှုကို စစ်တပ်က အညှိုးထားဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရကို မဲပေးခဲ့သလို စစ်အာဏာသိမ်းစဉ်ကလည်း လမ်းပေါ်ထွက်ပြီး စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီသားတွေ တော်လှန်ရေးမှာ ခြေသံမကျယ်ဘဲ ကျရာတာဝန် ထမ်းခဲ့ကြတယ်၊ ၂၀၂၅ မှာ ဧရာဝတီဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်တယ်ဟု NUG ဝန်ကြီးချုပ် ပြော

၂၀၂၅ ခုနှစ်ဟာ မြန်မာတစ်နိုင်ငံလုံး စစ်မျက်နှာစုံ ဖွင့်တိုက်မယ့်နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေး ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။