တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသားအားကစားရုံမှာ ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောကြားလိုက်တာပါ။တရုတ်သံအမတ်ကြီး တက်ရောက်ခဲ့တဲ့ အဲဒီအခမ်းအနားမှာ မင်းအောင်လှိုင်က အခုလို ကတိပြုပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တရုတ်ရဲ့ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

မင်းအောင်လှိုင်က တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ဟာ တရုတ်တင်မက မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေပါ ဖွံ့ဖြိုးအောင်လုပ်တဲ့စီမံကိန်း ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနဲ့ တရုတ်အကြား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက နည်းလမ်းမျိုးစုံသုံးပြီး သွေးခွဲနေတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် ၀င်ရောက်လုပ်ဆောင်မှုတချို့ကြောင့် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းတော်လှန်စစ်အတွင်း သက်သာရာရခဲ့ပြီးနောက် တရုတ်နဲ့ဆက်ဆံရေးကောင်းတစ်ရပ်ရဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မလုပ်ဆောင်ဖူးတဲ့ လုပ်ရပ်တစ်ခုအနေနဲ့ တရုတ်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီက တရား၀င် အစိုးရရုံးပိတ်ရက်အဖြစ်ပါ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ ထားဝယ် အမျိုးသမီး သမဂ္ဂကနေ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့" အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး "နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု" ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။