မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ရဲတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို  မြင်းခြံခရိုင်၊ အမှတ်(၃) တပ်ရင်းနဲ့ တောင်သာပကဖ တို့က အဓိကပါဝင်ခဲ့ပြီး မြင်းခြံခရိုင်၊ အမှတ် (၃) တပ်ရင်း ဒရုန်းအဖွဲ့နဲ့အတူ နေပြည်‌တော် တပ်ရင်း(၈၀၁)နဲ့ မိုးမခအဖွဲ့တို့မှ ပံ့ပိုးကူညီကာ ဝေဟင်ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

0 Shares:
You May Also Like
Read More

စစ်စခန်းကုန်းများကို အမှုန့်ကြိတ်မည့် လူလိုက်ပါနိုင်သည့် ဒရုန်းစွမ်းဆောင်ရည် (ရုပ်/သံ)

လူကိုယ်တိုင် လိုက်ပါနိုင်တဲ့ဒရုန်း မှတ်တမ်းရုပ်သံကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ယောက် သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို တက်လာတဲ့ အင်အား ၆၅ ယောက်ရှိ အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်က ဘန်း လမွတ်ကျေးရွာမှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို မတ်လ ၂၄ ရက် နံနက်ပိုင်းက ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအရောက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။