စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်က ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်း ၂ စီးအသုံးပြုပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်ကလည်း ထိုမာကျေးရွာ GTC ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချပြီး Drone Gun ပစ်တဲ့ နေရာအား အသေခံဒရုန်း ၁ စီးအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှု ၂ ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း ထိခိုက်ခဲ့ပြီး သေဆုံးစာ ရင်းကို မသိရသေးဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဂိတ် ၂ ခုဟာ ကလေးမြို့နယ် တောင်ပိုင်း ထိုမာကျေးရွာ၊ သာယာကုန်းကျေး ရွာ၊ ထောက်ကြန့်ကျေးရွာရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တွေ လုပ်ဆောင်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ခရိုင်ပြည်သူ့ကွယ်ရေးအဖွဲ့( ပကဖ)ရုံး Drone Team Wing of Kalayတပ်ဖွဲ့နဲ့ကလေးမြို့နယ်ပကဖ တိုက်နယ် (၃) တပ်ဖွဲ့ဝင်တွေက ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ယာဉ် ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ ယောက်ခန့် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Brothers Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၃၃ မှ မုံရွာမြို့ နမခသို့ ထွက်လာသည့် သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ စစ်သားအင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ သံပြားကာ ၄ စီးယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-ကရင်နီ နယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-ကရင်နီနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစစ်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။